

Oct 26, 2025
Family & Friendsဝင်ငွေအများဆုံး နံပတ်တစ် Animation ရုပ်ရှင်ဖြစ်တဲ့ Nezha 2 ရုပ်ရှင်ဟာ ဒီနေ့ Digital ထွက်ရှိလာပြီ ဖြစ်ပါတယ်။
Fengshen Cinematic Universe ထဲက နီကျား 2 ရုပ်ရှင်ဟာ ရုံတင်ရက် ( ၅၂ )ရက်မှာ စုစုပေါင်း $2.2 billion အထိ ရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားပါတယ်။
Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့်ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။
ဒါ့အပြင် ” Chinese Mythology Universe ” (သို) နီကျား ရဲ့အောင်မြင်မှုကြောင့် “နီကျား Universe” လိုလည်း တစ်ချိုက ခေါ်ဆိုကြပါသေးတယ်။အရင်ကတည်းက ကျုံးကော်မြေက Donghua နီကျား တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။
ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတိုလို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။