Movies
Disclaimer
What is TT Boss
MoviesDetails

image

Dec 16, 2025

Family & Friends

စင်ဒရဲလားပုံပြင်ဇာတ်လမ်းတွေက မရိုးနိုင်အောင်များပြားလှပါတယ်။

စိတ်ဝင်စားဖိုလည်းကောင်းပါတယ်။

ဒီအထဲကမှ ဒီဇာတ်လမ်းလေးကတော့ အခြားဇာတ်လမ်းတွေနဲ့မတူ

တမူကွဲပြားခြားနားစွာဖန်တီးထားတာ ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ မင်းသားလေးဟာ နန်းတော်ထဲက

မှော်ဆရာမကြီးရဲ့အကောက် ကြံဒုက္ခပေးထားမှုကြောင့်

စင်ဒရဲလားတိုရဲ့အိမ်မှာ ကြွက်တစ်ကောင်အဖြစ် နေထိုင်နေရတာဖြစ်ပါတယ်။

ဒါကို စင်ဒရဲလားအပါအဝင် အခြားမိတ်ဆွေကြွက်နှစ်ကောင်လည်း မသိကြပါဘူး။

နန်းတော်ကပွဲသဘင်ကိုသွားကြ ဖိုလုပ်ကြရင်းနဲ့မှ

မင်းသားလေးရဲ့ဘဝအကြောင်း သိခဲ့ကြရတာပါ။

သူတိုကိုအကူအညီပေးနိုင်မယ့် မှော်ဆရာမ လေးတစ်ယောက်နဲ့လည်း

ဆုံတွေ့ရင်းနှီးခင်မင်ခဲ့ကြတယ်။

သူတိုအားလုံးရဲ့ ကြိုးစားမှုနဲ့ မင်းသားလေးကို ကြွက် ဘဝကနေ

လူ့ဘဝကိုပြန်ရောက်ဖို ကြိုးပမ်းခဲ့ကြပုံတွေ။

နန်းတော်ထဲကမှော်ဆရာမကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတဲ့

တိုက်ပွဲတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့်

ဆန်းပြားတဲ့စင်ဒရဲလားဇာတ်လမ်းလေးတစ်ပုဒ်ကို

အခြားဇာတ် လမ်းတွေနဲ့မတူ တမူကွဲစွာ ကြည့်ရှုခံစားရမှာဖြစ်​တာမို အား​ပေးလိုက်​ကြပါဦး​နော်

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page