Movies
Disclaimer
What is TT Boss
MoviesDetails

image

Dec 6, 2025

Drama

ဇာတ်လမ်းအကျဉ်းကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို ခေါ်လိုရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ…။

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page