

Dec 5, 2025
Family & FriendsMechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို စီးရီးမကြည့်ဖူးဘူးဆိုရင်တောင်ဒီကားကနေစကြည့်နိုင်ပါတယ် ။
ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ်မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ ။
စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက်
စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ် ။
တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ် ။
အဲ့နေ့မှာပဲ ပရောဂျက်အတွက်
စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ
ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့...