Movies
Series
Disclaimer
What is TT Boss
MoviesDetails

image

Dec 6, 2025

Family & Friends

စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့ Moanaကားလေးကို ညွှန်းပေးလိုက်ပါတယ်။

Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animation ဇာတ်ကားဖြစ်ပါတယ်။

တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။

တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီးအသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖိုနဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖိုအသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး တီခါ နဲ့ ဆုံပြီးတဲ့နောက်တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။

ထောင်စုနှစ် တစ်ခုကြာအ ပြီးမှာတော့ တီဖီတီ ဖန်ဆင်းထား တဲ့ မိုတန်နူဝီကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး မိုအာနာ အပါအဝင်ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။

တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက်ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။

တစ်ရက်မှာ မိုအာနာဟာ ကမ်း တင်နေတဲ့ လိပ်လေးတစ်ကောင် ကိုတွေ့ခဲ့ပြီး စင်ရော်တွေဝိုင်းနေ တာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကိုမိုအာနာကယ်ဆယ်ခဲ့ တာကို သမုဒ္ဒရာကြီးက အသိအ မှတ်ပြုတဲ့အနေနဲ့ တီဖီတီရဲ့ နှလုံး သားကို ပေးခဲ့ပါတယ်။

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page