Movies
Disclaimer
What is TT Boss
MoviesDetails

image

Jan 24, 2026

Family & Friends

ဒီကားလေးကတော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတဲ့ “နီကျား”တရုတ် ကာတွန်းလေးပဲ ဖြစ်ပါတယ်။ ဒီကားက ၂၀၁၉ တုန်းက ထွက်ရှိထားပြီး Iqiyi rating 9.4/10 တောင် ရထားတာပါ။

“နီကျား”ဇာတ်လမ်းကို Version တွေ အမျိုးမျိုး ပြောင်းပြီး ရိုက်ကြပေမဲ့ ဒီ Version ကတော့ အကောင်းဆုံးနဲ့ နာမည် အကြီးဆုံးပါပဲ။

Anti-hero ကြိုက်တဲ့ လူမျိုး အတွက်ဆို ကွက်တိပါပဲ။ ဇာတ်လမ်းလေးကတော့ ကောင်းကင် မင်းကြီးဟာ ဒုက္ခအိုး ပုလဲလုံးကို ဝိညာဉ် ပုလဲလုံးနဲ့ မိစ္ဆာ စွမ်းအင်လုံး ဆိုပြီး နှစ်မျိုး ခွဲထုတ်လိုက်ပါတယ်။

ဝိညာဉ်ပုလဲလုံးဟာ “နီကျား”ဆိုတဲ့ နာမည်နဲ့ လူပြန်ဝင်စားပြီး ကောင်းမှု လုပ်ဖို ကံကြမ္မာ ပါလာပြီး၊ မိစ္ဆာ စွမ်းအင်လုံးကတော့ အချိန် ၃ နှစ်ကြာရင် မိုးကြိုးပစ်ခံရပြီး ဖျက်ဆီး ခံရမှာပါ။

ဒါပေမဲ့ ဖြစ်ချင်တော့ ဝိညာဉ် ပုလဲလုံးက အခိုးခံ လိုက်ရပြီး မိစ္ဆာ စွမ်းအင်လုံးက လူဝင်စားလိုက်ရပါတယ်။

အဲ့ဒါကြောင့် မိစ္ဆာ စွမ်းအင်လုံးကနေ လူ ဖြစ်လာရတဲ့ “နီကျား”လေးဟာ သူများနဲ့ မတူ တမူထူးခြားပြီး သောင်းကျန်းတတ်တဲ့ စိတ်ကလေးကလည်း ရှိနေပါတော့တယ်။

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page