

Dec 19, 2025
Family & Friendsဖက်တီး ဝူခုန်း နဲ့ ဖား ဘုန်းကြီးတို့ရဲ့ အနောက် ဘက်ခရီး ကျမ်းစာ ရှာဖွေခြင်း 🤣 တကားလုံးအခွီ🤣 ➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪ ဝူခုန်းတို့ကိုတော့ မသိတဲ့လူမရှိကြဘူးမလား။ ကဲ ဒီ ကားလေးကတော့ ဝူခုန်းတို့ဆရာတပည့်အုပ်စုအဖြစ် ဟန်ဆောင်ပြီးတော့ကျမ်းစာသွားယူမဲ့ မိစ္ဆာတစ်သိုက် အကြောင်းပဲဖြစ်ပါတယ်။ လန့်လန့်တောင်က တောဝက်မိစ္ဆာလေးက ဘုရင်ကြီးဂူ ထဲကိုဝင်ချင်ပေမဲ့လည်း ဘုရင်ကြီးကိုအပြစ်ပြုမိသွား လို့ လန့်လန့်တောင်ကနေအထုတ်လေးပိုက်ပြီး နှင်ချခံ လိုက်ရပါတယ်။ နောက်ပိုင်းမှာတော့ ဝက်မိစ္ဆာလေးက ဖားပြုတ်မိစ္ဆာ၊ မြွေပါမှင်စာ ၊ မျောက်ဝံမကောင်းဆိုးဝါး တို့နဲ့အဖွဲဖွဲမိသွားပါလေရော။ အဲဒီလိုနဲ့ သူတို့တွေက အနောက်ဘက် ကိုကျမ်းစာသွားယူမဲ့အဖွဲ့အဖြစ်ဟန်ဆောင်ပြီးတော့ ကျမ်းစာသွားယူတော့တယ်။ လမ်းတစ်လျှောက် ဂယက်တစ်သိန်းကြုံရပြီးတော့ ကသောင်းကနင်းတွေဖြစ်နေချိန်မှာတော့... သူတို့သွားချင်တဲ့အနောက်အရပ်ကိုရောရောက်နိုင်မ လား? ကျမ်းစာရောယူနိုင်ပါ့မလားဆိုတာ??? #𝐂𝐫𝐞𝐝𝐢𝐭