Movies
Disclaimer
What is TT Boss
MoviesDetails

image

Nov 10, 2025

Family & Friends

Boss Baby လေးရဲ့ Christmas အတွက် အသစ်ထွက်ရှိလာတဲ့ အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ ဒီအပိုင်းရဲ့အားရဖိုအကောင်းဆုံးကတော့ family business လို အမည်ခံပြီး အလုပ်သမားအခွင့်အရေး ပိတ်ဆိုခံထားရတာတွေကို သာသာနဲ့နာနာလေး နှပ်ပြထားတာပါပဲ

အခုခေတ် စီးပွားရေးလုပ်ငန်းရှင်တွေ
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ကြတာတွေကို စကားတစ်ခွန်းချင်းစီ ပစ်ထည့်ပေးသွားတာမျိုးမိုတိုက်ဆိုင်မှုရှိရင် ပြေးသတိရကြဦးမယ့်ဇာတ်လမ်း မျိုးပါ

ဇာတ်လမ်းအကျဉ်းကတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေးထားပါတယ်

ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့အားအကိုးရဆုံးနတ်သူငယ်လေးနဲ့ Boss baby တို နေရာချင်းလွဲသွားပြီး Boss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိသွားခဲ့ပါတယ်

အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ်ယောက် ဆန်တာရဲ့ ခရစ်စမတ်လက်ဆောင်စက်ရုံကြီးထဲကို ရောက်ရှိသွားပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါမှာ ဘုနဲ့ဘောက်တွေ စတင်လာတာပါပဲ

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page