

Jan 24, 2026
Family & Friendsပထမဇာတ်ကားရဲ့ နဂါးတိုက်ပွဲအပြီးအားလုံးအေးချမ်းသွားတဲ့အချိန် ရှောင်ယူ(လမ်းဘာတ့်) နဲ့ နတ်သူငယ်မလေးလီယာတိုနှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက်မေတ္တမျှနေကြပြီ…
သိုသော်လည်း နေရာဒေသဝေးကွာတဲ့အခြေအနေကြောင့် တွေ့ကြရဖိုတော့ မလွယ်ကြ.. .
တစ်နေ့ ကံကြမ္မာမျက်နာသာပေးလို သူတိုနှစ်ယောက် ဆုံတွေ့ဖိုအခွင့်အရေးတစ်ခုပေါ်ပေါက်လာလေရဲ့…
ဒီအချိန် နတ်သူငယ်တိုင်းပြည်ကိုသိမ်းပိုက်ဖိုကြံစည်နေတဲ့ အမှောင်လောကဘက်တော်သားနတ်သူမတစ်ယောက်က ကြိုးစားအားထုတ်လာတဲ့အခါမှာတော့….
နတ်သူငယ်ထီးနန်းကို သိမ်းပိုက်ဖို သူ ဘယ်လိုတွေလုပ်မှာလဲ?လီယာတိုရဲ့အချစ်ဇာတ်လမ်းကရော ဘာတွေဖြစ်မလဲ? ဆိုတာတွေကိုတော့ ဒီရုပ်ရှင်ဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုကြပါကုန်…
ဒီကားမှာတော့ နတ်သူငယ်မလေးတွေ အရင်ထက် ပိုချောပိုချစ်စရာကောင်းလာတာကိုသတိပြုမိပါတယ်။ ကောင်းမွန်တဲ့ Animation ပြုလုပ်ချက်တွေကြောင့်လည်း ကြည့်ရှူရတဲ့ပရိတ်သတ်ကြီးအတွက် သဘောကျစေမှာပါ…