

Dec 21, 2025
Family & FriendsShort Film လေးဖြစ်ပြီး rating ကလည်း ကောင်းတော့ ကြည့်သင့်တဲ့အထဲ ပါပြန်ရော ။ဒီကာတွန်းတိုလေးရဲ့ ဒါရိုက်တာက David Lowery ဆိုတော့ ရှယ်ဖြစ်ပြန်ရော။ David Lowery ဆိုတာ Pete’s Dragon, A Ghost Story နဲ့ The Green Knight စတဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဘဲပါ။ ဒီကာတွန်းတိုလေးရဲ့ ဇာတ်လမ်းသဘောကတော့ New York မြို့ကြီးရဲ့ တောအုပ်ကြီးထဲရှိတဲ့၊Moon ဆိုတဲ့ ဇီးကွက်လေးအကြောင်းပါပဲ။ စပ်စုပ်တတ်တဲ့ ဇီးကွက်လေးဖြစ်တာကြောင့်မထင်မှတ်ထားပဲ မိသားစုနဲ့ ကွဲခဲ့ရပြီး New York မြို့ကြီးထဲ ရောက်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ အိမ်ဖြစ်တဲ့ သူ့ရဲ့ တောအုပ်ကြီးထဲပြန်ဖို့ကြိုးစားမှာဖြစ်ပါတယ်။ရင်ထဲ နွေးထွေးစေတဲ့ ကာတွန်းလေးဖြစ်တာကြောင့်ကြည့်ပြီးတဲ့သူတိုင်းလည်း ရင်ထဲ တစ်ခုခုကျန်ခဲ့မှာ ကျိန်းသေပါပဲ။