Movies
Disclaimer
What is TT Boss
MoviesDetails

image

Dec 21, 2025

Family & Friends

မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်းကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြိုမှာနေပါတယ်။ ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြိုထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိက်တီရဲ့‌ ကြားဝင်ဖြောင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ ဒီလိုနဲ့ သက်ကြီးပု ဝှိက်တီနဲ့ အရက်သမား စတုန်းတိုနှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ 👉 ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ရှင့် 💘😘 

Watch it on Telegram

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page