Movies
Disclaimer
What is TT Boss
MoviesDetails

image

Feb 10, 2026

Family & Friends

ဒီတစ်ခေါက်မှာတော့ တရုတ်ရဲ့ ပြည်တွင်း နာမည်ကြီး ကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ ဝက်ဝံညီအစ်ကိုနဲ့ သစ်ခုတ်သမားကြီး ဖိုးကတုံး (ကွမ်းထိုချန်) တိုရဲ့ ၁၁ ခုမြောက်ရုပ်ရှင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရုံတင်သွားခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးထဲမှာ အရင်လိုပဲ မတည့်အတူနေ ဝက်ဝံကြီးနဲ့ ဝက်ဝံလေးတိုက ကွမ်းထိုချန် နဲ့ မိတ်ဆွေတွေပါပဲ...မတူတော့တာကတော့ နောက် အနှစ် ၁၀၀ မှာ ဒီလောကကြီးက မတူတော့တာပါပဲအသားစားတဲ့ အပင်တွေက နေရာယူပြီး... ယခင်ကတည်ရှိနေတဲ့ သက်ရှိအားလုံးကတော့ မျိုးတုံး ပျက်စီးကုန်တာပါပဲ... ဒါတွေအားလုံးက တရားခံကတော့ ကွမ်းထိုချန်ပါပဲ...ဟုတ်ပါတယ်... ဇာတ်လမ်းလေးအစကို ပြောရမယ်ဆိုရင်...ဒီရုပ်ရှင်ထဲမှာ ကွမ်းထိုချန် က သစ်မခုတ်တော့ဘဲ ခရီးသွားလမ်းညွှန်အလုပ်ကို ပြောင်းလုပ်နေတာပါ... ဒါပေမယ့် ခရီးသည်တွေကို မထိန်းနိုင်တဲ့လမ်းညွှန်ပေါ့...ဒီလိုနဲ့ ခရီးသည်တွေရဲ့ ကွန်ပလိန့်(မကျေနပ်ချက်)တွေကို ဖြေရှင်းရင်း... သူက ခရီးသွားလိုကောင်းမယ့် နေရာသစ်ကို ရှာတွေ့ပြီး... ဒီဒေသအသစ်ရဲ့ သီးသန့်ကိုယ်စားလှယ်အဖြစ် ရာထူးတိုးခံရတော့မယ့်အချိန်မှာပဲ...အနာဂတ်က ရှောင်လျန်ဆိုတဲ့ ကောင်လေးတစ်ယောက်က အချိန်ခရီးသွားပြီးတော့ ကွမ်းထိုချန်ကို လူဆိုးကြီးဆိုပြီး အပြစ်တင်ရင်း...အလုအယက်ဖြစ်ရင်း အနာဂတ်ကိုရောက်သွားရော...ဝက်ဝံ့ညီနောင်လည်း ပါတာပေါ့... ဒီတော့ သူတိုနဲ့ စိမ်းနေတဲ့ အနာဂတ်ဝန်းကျင်မှာ နေနိုင်ပါ့မလား...ရှောင်လျန်နဲ့ပေါင်းပြီးပဲ အနာဂတ်ကို ကယ်တင်နိုင်မလား...သူတိုရဲ့ မူလဘဝကိုပဲ ပြန်သွားနိုင်ပါ့မလားဆိုတာကိုတော့... ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့နော် 

Watch it on Telegram

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page