

Jan 24, 2026
Family & Friendsကြွက်ကြွက်လေးကို တိတ်တဆိတ် ခိုးစောင့်ရှောက်ပေးမယ့် ကြောင်ကြောင်ကြီး 😳😳
သင်္ဘောပျက်ရာကနေ မထင်မှတ်ဘဲ စိန့်ပီတာစဘတ်မြိုက နာမည်ကျော် ဟာမစ်တေ့ချ် ပြတိုက် (Hermitage Museum) ဆီကို ကြောင်ကလေး ဗင်းဆင့် (Vincent) နဲ့ ကြွက်ကလေး မောရစ် (Maurice) တို ရောက်ရှိသွားကြပါတယ်။
အဲဒီပြတိုက်မှာတော့ အဖိုးတန် အနုပညာလက်ရာတွေကို ကြွက်တွေရဲ့ရန်ကနေ ကာကွယ်ပေးနေတဲ့ ကြောင်စစ်သည်တော်အဖွဲကြီးနဲ့ ဗင်းဆင့် ဆုံတွေ့ခဲ့ပါတယ်။
ဗင်းဆင့်ဟာ အဲဒီအဖွဲထဲမှာ ပါဝင်ချင်ပေမဲ့ တစ်ဖက်မှာလည်း သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ကြွက်ကလေး မောရစ် ဖြစ်နေပါတယ်။
အနုပညာလက်ရာတွေကို ကာကွယ်ရမယ့် တာဝန်နဲ့ သူငယ်ချင်းအပေါ် ထားတဲ့ သစ္စာတရားကြားမှာ ဗင်းဆင့်တစ်ယောက် ဘယ်လိုဗျာများပြီး ရယ်မောစရာ စွန့်စားခန်းတွေ ဖွင့်မလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။