

Jan 24, 2026
Family & Friendsနတ်မိမယ်လေးတွေရဲ့ ကွယ်ဝှက်နေတဲ့ စွမ်းအားမြိုတော်ရှာဖွေရေးခရီးစဉ် 🧚♀️
Bloom ဟာ သူမရဲ့ မွေးဖွားရာအရင်းအမြစ်ကို သိလိုစိတ်ပြင်းပြလာပြီး သူမရဲ့ မိဘအရင်းနဲ့ နိုင်ငံတော် Domino ဘယ်လိုပျောက်ဆုံးသွားခဲ့သလဲ ဆိုတာကို ရှာဖွေဖို ဆုံးဖြတ်လိုက်ပါတယ်။
Domino ကို အမှောင်မိန်းမကြီးတွေဖြစ်တဲ့ Ancestral Witches က ဖျက်ဆီးခဲ့ပြီး Bloom ရဲ့ မိဘတွေကိုလည်း ဖမ်းဆီးထားကြောင်း သိလာရပါတယ်။
Bloom က သူမရဲ့ Dragon Flame အင်အားကို ထိန်းချုပ်နိုင်ဖို ကြိုးစားရင်း Sky နဲ့ Winx အဖွဲရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ Domino ကို ကယ်တင်ဖို အန္တရာယ်ပြည့်နေတဲ့ ခရီးစဉ်တစ်ခုကို စတင်ပါတယ်။
အမှောင်အင်အားကြီးတွေနဲ့ ရင်ဆိုင်ရင်း Bloom ဟာ သူမရဲ့ အတိတ်ကို လက်ခံနားလည်လာပြီး မိသားစုအပေါ် ချစ်ခြင်း၊ မိတ်ဆွေအပေါ် ယုံကြည်မှုနဲ့ ကိုယ်တိုင်ယုံကြည်မှုတွေက သူမကို အင်အားအကြီးဆုံးအဖြစ် ပြောင်းလဲပေးကြောင်း သိလာပါတယ်။
နောက်ဆုံးမှာ Bloom ဟာ မိဘတွေကို ကယ်တင်နိုင်ပြီး Domino နိုင်ငံကို ပြန်လည်အသက်သွင်းနိုင်ကာ သူမရဲ့ စစ်မှန်တဲ့ မင်းသမီးအဖြစ် တာဝန်ကို လက်ခံလိုက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။