Movies
Disclaimer
What is TT Boss
MoviesDetails

image

Jan 24, 2026

Family & Friends

ဇာတ်လမ်းကတော့ SpongeBob ဟာ သူရဲဘောကြောင်သူ မဟုတ်ကြောင်း၊ ရဲရင့်တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ သူဌေး Mr. Krabs ကို သက်သေပြဖို ကြိုးစားရာကနေ စတင်ထားပါတယ်။

ဒီလို သက်သေပြဖို ကြိုးစားရင်းနဲ့ SpongeBob ဟာ မထင်မှတ်ဘဲ "Flying Dutchman" လိုခေါ်တဲ့ နာမည်ကြီး တစ္ဆေပင်လယ်ဓားပြကြီးရဲ့ နောက်ကို လိုက်မိသွားပါတယ်။

Flying Dutchman က SpongeBob ကို ရဲရင့်တဲ့ ပင်လယ်ဓားပြတစ်ယောက်ဖြစ်အောင် သင်ပေးမယ်လို ကတိပေးပြီး ပင်လယ်နက်ရဲ့ အနက်ရှိင်းဆုံးနေရာတွေ (Underworld) ဆီကို ခေါ်သွားပါတော့တယ်။

တကယ်တော့ Flying Dutchman မှာ နောက်ကွယ်က မရိုးသားတဲ့ အကြံအစည်တစ်ခု ရှိနေပါတယ်။

SpongeBob နဲ့ သူ့သူငယ်ချင်း Patrick တိုနှစ်ယောက် အန္တရာယ်တွေကြား ရောက်သွားတဲ့အခါမှာတော့ Mr. Krabs ၊ Sandy နဲ့ Squidward တိုက သူတိုကို ကယ်တင်ဖိုအတွက် လိုက်ပါသွားကြပါတယ်။

SpongeBob တို သူငယ်ချင်းတစ်စုရဲ့ ရယ်စရာ၊ ချစ်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ အလွဲလွဲအချော်ချော် စွန့်စားခန်းတွေကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ။

သုံးသပ်ချက် SpongeBob ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

ကလေးတွေအတွက်သာမက လူကြီးတွေပါ သဘောကျစေမယ့် ဟာသတွေ ပါဝင်သလို၊ နာမည်ကြီး သရုပ်ဆောင် Mark Hamill က Flying Dutchman အသံကို အားဖြည့်ပေးထားတာကြောင့် ပိုပြီး စိတ်ဝင်စားဖို ကောင်းပါတယ်။ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုအပန်းဖြေဖို အထူးသင့်တော်တဲ့ Animation ဇာတ်ကား ပါပဲ။

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page