

Jan 24, 2026
Family & Friendsချာအာအလယ်တန်းကျောင်းက တက်ကြွပြီး စည်းကမ်းကြီးတာကြောင့် အောင်မြင်နာမည်ကြီးတဲ့ကျောင်းတော်ဖြစ်ပါတယ်
ကျောင်းမှာ ထက်မြက်ပြီး စာကြိုးစားတဲ့ကျောင်းသားတွေလည်း ရှိပြီး သူတိုအိပ်မက်တွေဆီကို အရောက်သွားဖို ကြိုးစားနေကြပါတယ်
မူလတန်းတတိယနှစ်ရဲ့အခန်း၃ က စာအညံ့ဆုံး အဆော့အမက်ဆုံး ကျောင်းသား ၀မ်ချန်နဲ့ စည်းကမ်းအကြီးဆုံးဆရာမ ရှီမြောင်နာ့တိုဟာ မတော်တဆ ကိုယ်ခန္ဓာချင်းလဲသွားခဲ့ပါတယ်
၀မ်ချန်ကလည်း ရုတ်တရက်အတန်းပိုင်ဆရာမဖြစ်သွားပြီး ရှီမြောင်နာ့က စာညံ့ကျောင်းသားတစ်ယောက်ရဲ့ဖိအားတွေကို ခံစားရပါတော့တယ်
ခန္ဓာကိုယ်ချင်းပြန်လဲမဲ့နည်းလမ်းကို ရှာဖိုကြိုးစားနေရင်း အကျင့်စရိုက်ချင်းကွဲပြားလာတဲ့ ၀မ်ချန်နဲ့ ရှီမြောင်နာ့ကို အတန်းထဲကကျောင်းသားတွေအားလုံး သံသယတွေ ၀င်လာကြတဲ့အခါ
သူတိုကျောင်းသားလူငယ်ဘ၀ရဲ့အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အတူကျော်ဖြတ်ရင်း ဘယ်လိုမမေ့နိုင်စရာအလွဲတွေ ကြုံတွေ့ကြရမလဲဆိုတာ ကြည့်လိုက်ကြရအောင်