

Jan 24, 2026
Family & Friendsချစ်စရာကျားလေးအပေါ်ကို သံယောဇဉ်တွယ်တာမိတဲ့ ကလေးမလေး 😍😍
အသက် (၈) နှစ်အရွယ် တက်ကြွဖြတ်လတ်တဲ့ ဟိုက်ဒီ (Heidi) ဟာ ထောင်ချောက်ထဲမှာ ဒဏ်ရာရနေတဲ့ လင်းခ်စ် (Lynx) သားရဲကြောင်လေးတစ်ကောင်ကို တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။
သူမဟာ အဲဒီအကောင်လေးကို "ပက်ပါ" (Pepper) လို နာမည်ပေးပြီး တိတ်တဆိတ် ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။
ဒါပေမဲ့ "ပက်ပါ" လေးရဲ့ ဆော့ကစားတတ်တဲ့ အလေ့အထကြောင့် လူတွေသတိထားမိကုန်သလို၊ စက်မှုလုပ်ငန်းရှင်ကြီးတွေရဲ့ စီမံကိန်းတွေကလည်း ဒီသားရဲလေးနဲ့ အယ်လ်ပိုင်း (Alpine) တောင်တန်းကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာပါတော့တယ်။
ဟိုက်ဒီဟာ သူမရဲ့ သူငယ်ချင်းရင်း ပီတာ (Peter)၊ သစ္စာရှိတဲ့ ခွေးကြီး ဂျိုးဇက် (Joseph) တိုနဲ့အတူ "ပက်ပါ" ကို သူ့မိသားစုဆီ ပြန်ပိုပေးဖို ညတွင်းချင်း စွန့်စားခန်းဖွင့်ရပါတော့တယ်။