

Jan 24, 2026
Family & Friendsရုပ်ရှင်ကတော့ စိတ်ကူးယဥ်စွန့်စားခန်း Animationရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ရှေးဒဏ္ဍာရီလာနဂါးကြီးတွေကိုထိန်းကျောင်းနိုင်စွမ်းရှိသူတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာအခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ပင်နဲ့ နဂါး ကြီးလုံတန်စီတိုရဲ့စွန့်စားခန်းခရီးစဥ်ကို လိုက်ပါကြည့်ရှုကြရမှာပါ။
လူသားတွေနဲ့နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာအတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။
ဒါပေမဲ့ ရဲရင့်တဲ့ပင်ဆိုတဲ့မိန်းမငယ်လေးကတော့ ရှားရှားပါးပါးနဂါးတွေကို ထိန်းချုပ်နိုင်သူပီပီ အခက်အခဲတွေကိုကျော်ဖြတ်ပြီးနောက်ဆုံးလက်ကျန်နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။