

Jan 24, 2026
Family & Friendsဒီကားဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ တရုတ်ကာတွန်းစိတ်ကူးယဉ် ဇာတ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Wang Jun မှ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာဆိုရင် ဂန္ထဝင်ဝတ္ထု 'Investiture of the Gods' ကို အခြေခံထားပြီးတော့ နတ်ဘုရား Erlang Shen ရဲ့ ဇာတ်လမ်းကို ပုံဖော်ပြထားတာ ဖြစ်ပါတယ်။
သူဟာ လောကီကို ပြန်လည်ရောက်ရှိလာပြီး၊ မိုးနတ်ရာဇ၏ ပညတ်တော်ကို ချိုးဖောက်ထားတဲ့ နှစ်တစ်ထောင့်ငါးရာသက်တမ်းရှိတဲ့ နဂါးကို နှိမ်နင်းဖို သူ့ရဲ့ တတိယမျက်စိကို ဖွင့်ရမှာဖြစ်ပြီး
နဂါးကို အောင်မြင်စွာ ဖမ်းဆီးနိုင်မှသာ နတ်ပြည်သို ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
မှော်ကားတွေ ကြိုက်တဲ့ သူတွေအတွက်တော့ ကြည့်သင့်တဲ့ Animated ကားလေးတစ်ကားပါဘဲ။