
.jpg&w=3840&q=75)
Feb 10, 2026
Family & FriendsDoraemon တို့ရဲ့ နောက်ဆုံးရုံတင်ကားသစ်လေး ထွက်လာပါပြီ။ Doraemon ကိုတော့ မသိတဲ့လူ ရှိကြမယ်လို့တော့ မထင်မိပါဘူး။ ကျွန်တော်တို့လို ဘိုဘို အီးတီ ကာတွန်းနဲ့ ကြီးပြင်းလာခဲ့ရတဲ့လူတွေဆို ပိုလိုတောင်သိကြမယ်လို့ ယူဆမိပါတယ်။ ထုံးစံအတိုင်း ဒိုရေမွန်က ထူးဆန်းတဲ့ပစ္စည်းတွေနဲ့ နိုဘီတာတို့က ဘယ်လိုမွှေကြဦးမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားလိုက်ရအောင်နော်..။ ရိုးရာမပြတ် နိုဘီတာတို့ကလေးတစ်သိုက် ဒိုရေမွန် အသစ်ဖန်တီးပေးထားတဲ့ပစ္စည်းနဲ့ ဆော့ကစားနေကြပြန်ပါပြီ။ ဒီတစ်ခါမှာတော့ ပန်းချီကားတွေထဲကို လူတွေပါလိုက်ဝင်နိုင်စေတဲ့ ဓာတ်မီးလေးဖြစ်ပါတယ်။ အဲဒါဆော့လို့လည်းဝရော သူတို့နောက်ကို ကလယ်ရ်ဆိုတြ့ ထူးဆန်းတဲ့ ကလေးမလေးတစ်ယောက် ဒီဖက်ကမ္ဘာကိုပါလာခဲ့ပါတယ်။ အဲဒါ ကလယ်ရ်ဆိုတဲ့ အလယ်ခေတ်လောက်က ကလေးမလေးကို ပြန်ပို့ကြမယ်ဆိုပြီး သူလာရာပန်းချီကားဖြစ်တဲ့ ထူးဆန်းတဲ့ပျောက်ဆုံးတောအုပ်ထဲ ဝင်ကြရာကနေ အလယ်ခေတ်ကမ္ဘာထဲမှာ နိုဘီတာတို့ ဒိုရေမွန်တို့ ဘယ်လိုမျိုး စွန့်စားခန်းတွေ ထွက်ကြဦးမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။