
.jpg&w=3840&q=75)
Feb 10, 2026
Family & Friendsအရောင်အသွေးစိုစိုဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကိုရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းက မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတိုဟာ မိသားစုနဲ့အတူပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာတစ်ယောက်တည်းနေတဲ့ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတိုတစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှုဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်...