Movies
Disclaimer
What is TT Boss
MoviesDetails

image

Jan 27, 2026

Drama

ဇာတ်ကားတိုင်းက အစရှိသလို အဆုံးသတ်ရှိတယ်...တွေ့ဆုံမှုတိုင်းရဲ့ အဆုံးသတ်က ခွဲခွာခြင်းတဲ့...ဒါပေမယ့် ရုပ်ရှင်လေး ဇာတ်သိမ်းသွားမှာကို မကြောက်မိဘူး...ဘာလိုလဲဆိုတော့ ဒီရုပ်ရှင်ကို အတူကြည့်နေတဲ့သူက မင်းဖြစ်နေလိုပဲ..." ဒီကားလေးကိုလေ ဘယ်လိုညွှန်းရမယ်ကိုမသိဘူး... ဇာတ်လမ်းအစက ဇာတ်သိမ်းဖြစ်သလို ဇာတ်သိမ်းက ဇာတ်လမ်းအစလိုပဲပြောပါရစေ.... အချိန်ခရီးသွားကို အခြေခံတဲ့ ဇာတ်လမ်းတွေအားလုံးထဲမှာ တော်တော်ငိုရတဲ့ ကားလေးလိုပြောရမယ်.... ဒီကားလေးမှာ တံငှာရွာလေးထဲ ဘဝကို အေးဆေးဖြတ်သန်းရတာကို ဝမ်းနည်းပူဆွေးနေတဲ့ ချန်ရှောင်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်.... ဒါကြောင့်လည်း သူက သူ့ကို ကယ်တင်ထားတဲ့ အဖိုးကြီးမသိအောင် ခိုးထွက်ဖိုပဲ ကြိုးစားနေတာပေါ့... ဒီလိုနဲ့တစ်နေ့မှာ ခိုးထွက်လိုအောင်မြင်ပြီး သင်္ဘောတစ်ခုနဲ့ ခိုးလိုက်ပြီးချိန်မှာတော့... သူလည်း သွားချင်တဲ့ တတုံးဟွေ့ (မြိုကြီး)ကိုရောက်လာပြီးတော့ ထူးထူးခြားခြား ဝရမ်းပြေးလေး ရှီချီနဲ့ဆုံတာပေါ့... တစ်ချိန်တည်းမှာပဲ ထူးထူးခြားခြား ခရုခွံပုံနဲ့ ရွှေပြားလေးကိုလည်း ရလိုက်သေးတယ်... အဲ့ခရုခွံလေးက အချိန်တွေကို ရပ်ပေးနိုင်သလို သာမန်ထက်မြန်တဲ့ မြန်နှုန်းနဲ့လည်း သွားလာနိုင်တယ်တဲ့...ကဲကဲကဲ... ဒီခရုခွံလေးနဲ့ ချန်ရှောင်းတစ်ယောက် ဘာတွေလုပ်မှာလဲ...ရှီချီး ဝရမ်းပြေးဖြစ်တာကရော ဒီခရုခွံလေးနဲ့ဘယ်လိုပတ်သက်နေတာလဲ... နောက်တော့ သူတို ၂ ယောက်ရော ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ကြပါတော့ကွယ်... 

Watch it on Telegram

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page