

Jan 24, 2026
Family & Friendsချစ်စရာ မြင်းပျံလေးတွေနဲ့ အတူယှဉ်တွဲပြီးနေထိုင်တဲ့ ယူနီကွန်းမြိုတော်ကြီး 😍😍
ယူနီကွန်းကျွန်းရဲ့ ဆောင်းရာသီပွဲတော် (Winter Solstice) အချိန်အခါမှာ ဆိုဖီယာ (Sophia) ဟာ သူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်နဲ့ ယူနီကွန်းကြယ်စုတန်း (Unicorn Constellation) ကြားက နက်ရှိင်းတဲ့ ဆက်နွှယ်မှုကို စတင်တွေ့ရှိခဲ့ပါတယ်။
ကောင်းကင်ကနေ မြေပြင်ပေါ် ကြွေကျလာတဲ့ "ကြယ်စင်သရဖူ" (Crown Stars) တွေကိုသာ ရှာဖွေနိုင်ရင် ဖခင်ဖြစ်သူကို ပြန်လည်ခေါ်ဆောင်လာနိုင်မယ်လို ဆိုဖီယာက ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။
တစ်ဖက်မှာလည်း Sapphires အဖွဲသားတွေဟာ ပွဲတော်ရက်တွေကို ပျော်ပျော်ပါးပါး ဖြတ်သန်းရင်း သူငယ်ချင်းချင်းကြားက နားလည်မှုလွဲတာတွေကို ဖြေရှင်းနေကြရသလို၊
ကျွန်းပေါ်ကို ကျူးကျော်လာတဲ့ Grim Magic မိစ္ဆာမှော်အန္တရာယ်တွေကိုလည်း အတူတူ ခုခံတိုက်ထုတ်နေကြရပါတယ်။
အထူးသဖြင့် အဖိုးတန်မှော်ပစ္စည်းတွေကို ခိုးယူဖို ကြံစည်နေတဲ့ ပြိုင်ဘက်စီးနင်းသူတွေရဲ့ ရန်ကနေ ယူနီကွန်းကျွန်းကြီးကို ကာကွယ်ဖိုအတွက် ဆိုဖီယာနဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ သူတိုရဲ့ ယူနီကွန်းတွေနဲ့အတူ အစွမ်းကုန် ကြိုးစားကြရမယ့် မှော်စွန့်စားခန်းပဲ ဖြစ်ပါတယ်။