

Jan 24, 2026
Family & Friendsပင်လယ်ပြင်ရဲ့ သူရဲကောင်းကို လူတွေ မေ့လျော့မသွားစေဖိုအတွက် လင်းပိုင်ကောင်လေး နဲ့ သူ့ရဲ့ လမ်းပြသူငယ်ချင်း တိုဟာ ပင်လယ်မိစ္ဆာတွေကို လှည့်ကွက်တွေသုံးပြီး ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေကြပါတယ်။
ဒါပေမဲ့ သူတိုရဲ့ စွန့်စားခန်းဟာ မထင်မှတ်ဘဲ အလှည့်အပြောင်းတစ်ခု ကြုံလာရပါတော့တယ်။ အဲဒါကတော့ မာဂျစ် (Majid) တစ်ယောက် ပင်လယ်ထဲမှာ မျောပါလာတဲ့ ပုလင်းလေးတစ်လုံးကို တွေ့ရှိခဲ့တာပါ။
အဲဒီပုလင်းထဲက သတင်းစကားမှာတော့ လျှိဝှက်ဆန်းပြားတဲ့ "မှော်ဆေးရည်" တစ်မျိုး ရှိရာအရပ်ကို လမ်းညွှန်ပြသထားပါတယ်။
အဲဒီမှော်ဆေးရည်က ဘယ်လိုထူးခြားတဲ့ စွမ်းအားတွေ ရှိမလဲ၊ သူတိုရဲ့ ပင်လယ်ကမ္ဘာကြီးကိုရော ဘယ်လိုပြောင်းလဲပစ်မလဲဆိုတာ ရင်ခုန်စရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။