

Jan 24, 2026
Family & Friendsချစ်ရတဲ့ ရေသူမလေးအတွက် ရေအောက်ကမ္ဘာမှာ သွားပြီးတိုက်ပွဲ၀င်မယ့် ဆာဒါကို 🌊🧜🏻♀️🗡
ဇာတ်ကားက ရုရှားပုံပြင် Sadko ကို အခြေခံထားပြီး ဂီတကိုနှစ်သက်တဲ့ လူငယ်ဂီတသမား Sadko ရဲ့ စွန့်စားခန်းကို ပြထားပါတယ်။
သူနေထိုင်တဲ့ ရွာမှာ အခက်အခဲကြီးတစ်ခုကျရောက်လာတဲ့အခါ Sadko က မိမိရွာသူရွာသားတွေကို ကယ်တင်ဖို အိမ်ပြင်ထွက်ပြီး သမုဒ္ဒရာအောက်ကို ခရီးထွက်ခဲ့တယ်။
ခရီးစဉ်အတွင်း သူဟာ သမုဒ္ဒရာအောက်က ထူးဆန်းသဘာဝ၊ ရေဘီနတ်ဘီလူးတွေ၊ နတ်ရုပ်ဆန်းတွေကိုတွေ့ရသလို စိန်ခေါ်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။
Sadko က မိမိရဲ့ အင်အားမဟုတ်ပဲ ဂီတစွမ်းအား နဲ့ အသံအံ့ဖွယ် ကို အသုံးချပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး နောက်ဆုံးမှာတော့ ငြိမ်းချမ်းမှုကို ပြန်လည်ရရှိစေပြီး မိမိရွာကို ကယ်တင်နိုင်သွားပါတယ်။
အကျဉ်းချုပ်အားဖြင့် ဒီဇာတ်ကားဟာ သမုဒ္ဒရာအောက်ရဲ့ အံ့သြဖွယ် လှပမှုတွေ၊ စွန့်စားခန်းတွေနဲ့အတူ ဂီတစွမ်းအားက တစ်ဦးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုပြောင်းလဲစေနိုင်တယ်ဆိုတာ ပြသထားတဲ့ မိသားစုနှင့်ကလေးတွေကြည့်သင့်တဲ့ စွန့်စားခန်း animation တစ်ပုဒ် ဖြစ်ပါတယ်။