Movies
Disclaimer
What is TT Boss
MoviesDetails

image

Jan 24, 2026

Family & Friends

ဒီဇာတ်ကားကတော့ ဝူခုန်းတို ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်

ဝူခုန်းတို ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်

ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖိုကြံစည်ရာကနေ ဝူခုန်းတိုရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်

၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်

ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖိုစီစဉ်နေချိန်မှာပဲ ဝူခုန်းတို ညီအကို ၃ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက်ရသွားပါတယ်

အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ?

နောက်ဆုံးမှာ ဆရာတော်ကိုကယ်နိုင်ပြီး ယွမ်တိနတ်ဆိုးကို သေနိုင်ခဲ့မှာလား? ကျိန်စာပြန်ပေး၍ နောက်တစ်ကြိမ်အိပ်စက်စေမှာလား?

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page