
%20.jpg&w=3840&q=75)
Feb 10, 2026
Family & Friendsဇာတ်လမ်းလေးကတော့ … ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်ကပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့စိတ်ဝိညာဉ်လေးတွေရဲ့အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပါ… ဒီခန်းမထဲကို နောက်ဆုံးရောက်လာတာကတော့ချင်တိုက်ဆိုတဲ့ ထီးတော်မိုးစိတ်ဝိညာဥ်နဲ့ ဝမ့်ကွေးဆိုတဲ့ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်တို့ပါ.. ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲကတခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်…ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမကထွက်ပြေးခဲ့တယ်… ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတယ်…ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိကကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါ… ယွမ်မော့ကလူသားဆိုပေမယ့် ငယ်စဉ်တည်းကစိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာပိတ်မိနေခဲ့တဲ့လူသားကောင်လေးပါ.. ကဲ ချင်တိုက်လေးတစ်ယောက် ဝမ့်ကွေးကို ရှာနိုင်မှာလား…ဝမ့်ကွေးကရော ဘာလို့ ထွက်ပြေးသွားခဲ့ရတာလဲ…ဇာတ်လမ်းလေးထဲ အဖြေအတူရှာကြည့်ကြရအောင်..