
%20.jpg&w=3840&q=75)
Feb 10, 2026
Family & Friendsမော်ကွန်းဝင် သူရဲကောင်းများ 三国的星空第一部 '' ငါဘယ်သူလဲ? ငါ့သမိုင်းပေးတာဝန်ကဘာလဲ? ငါက ကောင်းကင်ထက်က ဘယ်ကြယ်ပွင့်ဖြစ်လာမလဲ? '' ⭐️ ဇာတ်လမ်းအကျဉ်း ဟိုဟိုး ... ... ဒီတစ်ခါလည်း သုံးပြည်ထောင်ဇာတ်ကားကောင်းလေးနောက်တစ်ပုဒ် ထွက်ရှိလာပြန်ပါပြီ 🤩 လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ ခန့် အရှေ့ဟန်ခေတ်နှောင်းပိုင်း တစ်တိုင်းပြည်လုံးစစ်မက်ဖြစ်ပွားပြီး ကသောင်းကနင်းဖြစ်နေတဲ့ကာလမှာပါ ချောင်ချောင်းဟာ မြို့တော်ကိုစီးနင်းပြီး အာဏာတက်ကိုင်နေတဲ့သုန်ကျော်ကို နှိမ်နင်းဖို့ရာအတွက် လူသူလက်နက်တွေစုဆောင်းရင်းကနေ တစ်နေ့တခြားတန်ခိုးထွားလာပါတယ် သူဟာကြံရည်ဖန်ရည်လည်းကောင်းသလို လူထူးလူချွန်တွေကိုလည်း နှစ်သက်တတ်တာမလို့ သူ့လက်အောက်မှာ ခိုလှုံလာတဲ့ လက်ရုံးရည်နှလုံးရည်အမတ်တွေဟာ ပိုပိုအင်အားတောင့်လာတာပေါ့ ဒီ့နောက်မှာတော့ ချောင်ချောင်းဟာ သုန်ကျော်ရဲ့လက်တွင်းမှာထွက်ပြေးလာရတဲ့ ဟန်တိုင်းပြည်ရဲ့နောက်ဆုံးဧကရာဇ်လေးကို မြို့တော်ကို ပြန်ခေါ်ဆောင်ခဲ့ပြီး သုံးပြည်ထောင်ထဲက ထိတ်ထိတ်ကြဲတိုင်းပြည်တစ်ပြည်ဖြစ်တဲ့ ဝေ့တိုင်းပြည်ကိုတည်ထောင်ခဲ့ပါတယ် အဲဒီနောက်မှာတော့ သူနဲ့ ယွမ်ရှောက်တို့ရဲ့အားပြိုင်မှုတွေ ... ... နာမည်ကျော် ကွမ်းတုတိုက်ပွဲကြီးအပြင် သူတို့ရဲ့သမိုင်းဇာတ်ခုံပေါ်က အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေနဲ့အတူ ... ... ကဲ ... ... အားလုံးရင်းနှီးပြီးသားဇာတ်ကောင်တွေလည်းပြန်ပါသလို ချောင်ချောင်းရဲ့ဇာတ်ရုပ်ကိုလည်း မတူညီတဲ့ရှုထောင့်ကနေဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားမလို့ သုံးပြည်ထောင်ချစ်သူအပေါင်းတို့ SoulAnimedom မှာ လက်မနှေးတမ်းစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လား