Movies
Series
Disclaimer
MoviesDetails

image

Dec 6, 2025

Family & Friends

ကာတွန်းကားသစ်လေး😍

Netflix ရဲ့ 2024 နောက်ဆုံးထွက် musical animation ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်

အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကို အသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို သီချင်းတွေ
မကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။
 
ဇာတ်လမ်းလေးကတော့
နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေး Thelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေ
လက်တွေ့ဖြစ်ဖို အလှမ်းဝေးနေပါတယ်။

အဲဒီချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေ unicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေက
ပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ် မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲ

စတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့
ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်….

TT BOSS

Connect With Us

Disclaimer Page