

Dec 6, 2025
Family & Friendsအတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု
သူတိုဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲတစ်ခု
ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။
အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ
ကွယ်ခြင်းအနေနဲ့ သူတိုနေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက
လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း
အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက
FAWNလိုခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လိုသတ်မှတ်
ထားတဲ့အကောင် ကြီးတွေမှာလည်း သူတိုလိုနှလုံးသားရှိလေတော့ သိမ်
မွေ့နူးညံခြင်းတွေရှိမှာပဲလိုသူခံစားနေရတယ်။