

Dec 6, 2025
Fantasyဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတိုသည် (City state ) မြိုတမြို တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သိုသော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို စစ် ချီလာပြီ ဆိုသည့် အခါ မြိုနိုင်ငံ အများစုပေါင်း ၍ ခုခံရန် ပြင်ဆင်ကြသည်။
ထိုအခါ ဂရိပြည် မြောက်ပိုင်းမှ တောင်ပိုင်းဆီ ထိုးဖောက်လာမည့် ပါရှန်စစ်ကြောင်းကြီး တခုကို စစ်ရေးစစ်ရာ အရ အချက်အချာကျသည့် သာမော်ပီလေး(Thermopylae) တောင်ကြားမှ ပိတ်ဆိုခုခံရန် တာဝန်သည် စပါတာ မြိုနိုင်ငံခေါင်းဆောင် ဘုရင်လီယွန်နီဒပ်(စ်) နှင့် သူ့စစ်သည် တော်များထံ ကျ ရောက် လာသည်။
လီယွန်နီဒပ်(စ်) သည် လူခြောက်ထောင်ပါ တပ်တစ်တပ်ဖြင့် သာမော်ပီလေးမှ ခုခံရန် အသင့် ပြင်သည်။ သူ့တပ်တွင် လူရင်း စပါတာများအပြင် အခြားမြိုပြ နိုင်ငံများမှ တပ်ဖွဲအချိုလည်း ပူးပေါင်းပါဝင်သည်။