Movies
Series
Disclaimer
MoviesDetails

image

Dec 6, 2025

Drama

 မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။
ဆိုလိုမွန် တိုရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။
ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။
သူတိုသုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။

TT BOSS

Connect With Us

Disclaimer Page