

Dec 6, 2025
Fantasyကျွန်တော်တိုကမ္ဘာပေါ်ကလူသားတွေဟာ မိမိတစ်ကမ္ဘာထဲမှာ ရှိတဲ့တစ်ခြားလူမျိုးခြားတွေနဲ့တောင် စစ်ဖြစ်နေပြီး ခွဲခြားနေရင် တစ်ခြားဂြိုလ်က သက်ရှိလူသားတွေနဲ့ (တစ်ခြားကမ္ဘာများတွင် အသိဉာဏ်ရှိ သက်ရှိများရှိလျှင်) မည်ကဲ့သိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ဖော်ဆောင်နိုင်မှာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို Star Trek ဟာ ဖြေကြားလာခဲ့တာ ယခုဆိုရင် နှစ် 50 တောင် ပြည့်ခဲ့ပြီပေါ့။ ကျွန်တော်တိုကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစိတ်တွေနဲ့တိုက်ခိုက်နေကြတာလဲ။ ဘာကြောင့် ဖိုမ ဆိုပြီး နေရာတိုင်းမှာ ခွဲခြားနေကြရတာလဲ။ ဘာကြောင့် ကိုယ်အရေပြားပေါ်က အသားအရောင်ကို ကြည့်ပြီး ခွဲခြားပြောဆို ဆက်ဆံနေကြတာလဲ။ အကယ်၍ အကယ်၍ ပေါ့။ တစ်ခြားကမ္ဘာက လူသားတွေကို စတင်တွေ့ရှိလာတဲ့တစ်နေ့ကျွန်တော်တိုကမ္ဘာက လူသားတွေ ထိုစရိုက်တွေကို ဘယ်လိုပြောင်းလဲကြတော့မှာလဲ။ ကြည့်ကြတာပေါ့ဗျာ …..