Movies
Disclaimer
What is TT Boss
MoviesDetails

image

Dec 6, 2025

Fantasy

ဂြိုလ်ထု အပိုင်းအစတွေ ထိမှန်ပြီး သူတိုရဲ့ အာကာသယဉ်လည်းပျက်ဆီးသွားသလို George Clooney နဲ့ Sandra Bullock တိုပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။Sandra Bullock အာကာသထဲမှာ မျောသွားတာကို George Clooney က လိုက်ကယ်ရမှာဖြစ်ပြီးအနီးနားမှာ မပျက်ဆီးပဲ ကျန်ခဲ့တဲ့ ရုရှား နဲ့ တရုတ် တိုရဲ့ အာကာသ စခန်းကနေသူတိုရဲ့ အရေးပေါ် ကမ္ဘာကိုပြန်ဆင်းတဲ့ ယဉ်ပျံနဲ့ ပြန်ဆင်းဖို ကြိုးစားရမှာပါ။ဒါပေမယ့် အာကာသ ထဲမှာ မျောနေတာက ကမ်းမမြင် လမ်းမမြင်နဲ့ ပင်လယ်ထဲမှာမျောနေရသလိုပါပဲ။ဒီအပြင် အသက်ရှုဖို အောက်ဆီဂျင်ကလည်း အကန့်အသတ်နဲ့မိုလိုသူတို နှစ်ယောက် လိုရာကို ဘယ်လိုရောက်အောင်သွားမလည်း၊ရောက်ရော ရောက်ပါမလား၊ ဂြိုလ်ပတ်လမ်းထဲက အပိုင်းအစတွေကရောကမ္ဘာကိုပတ်ပြီး နောက်တစ်ကြိမ်ပြန်လာ ဦးမှာလား၊George Clooney နဲ့ Sandra Bullock တို ရဲ့စွန့်စားခန်းတွေကိုရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။အာကာသထဲက စွန့်စားခန်းတွေကို ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်ထားသလိုသဘာဝကျကျ ရိုက်ကူးထားတာကြောင့် ကျွန်တော်တို မသွားနိုင်တဲ့အာကာသကို ပိတ်ကား ထက်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။

Leave a Comment or Link

Optional Links (Max 2)

TT BOSS

Connect With Us

Disclaimer Page