

Dec 6, 2025
Dramaဇာတ်လမ်းအကျဉ်းမြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို ရဲနဲ့ပေါင်းပြီး မြေမတရားသိမ်း၊ မိခင်ကို သတ်ဖြတ်ခဲ့တာတွေအတွက် တသက်လုံး အငြိုးတွေနဲ့ ကြီးပြင်းလာတဲ့လူတစ်ယောက်။တနေ့မှာတော့ သူ့ရဲ့ကလဲ့စားနဲ့အတူ အခြားသူတွေအတွက်ပါ တိုက်ခိုက်ပေးဖို အကြောင်းပြချက်တွေရှိလာပါတယ်။ သူလက်စားချေချင်တဲ့လူတွေကလည်း အိန္ဒိယရဲ့ ဩဇာအကြီးဆုံးအသိုင်းအဝိုင်းဖြစ်နေပြီး ဂရုဆရာတော်ကြီး၊ ရဲမှူးချုပ်နဲ့၊ ပါတီကြီးတစ်ခုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတော့ ရဲတွေ လုံခြုံရေးတွေနဲ့ လူမိုက်တွေကို ရအောင်ကျော်ဖြတ်ပြီး လက်စားချေဖိုကြိုးစားပုံတွေကို ပြထားတာပါပဲ။ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ၊