

Dec 6, 2025
Dramaဘယ်ထောက်လှမ်းရေး အစိုးရအဖွဲမှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျိုဝှက်အဖွဲက ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲတစ်ဖွဲက ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲကို ဆုံးမဖို လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲတွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တိုလို သူငယ်ချင်းအကူအညီတောင် မပါပါဘူး။ တစ်ယောက်တည်းမှ တစ်ယောက်တည်းချတာပါ။ တစ်နိုင်ငံလုံးကိုချသွားတာပါ။ ဒုတိယကားထွက်ရင်တော့ တစ်ကမ္ဘာလုံးကိုချပြီး တတိယကားလောက်ဆို စကြဝဠာတစ်ခုလုံးနဲ့ချမယ်လို ယူဆရပါတယ်။ ကြည့်လိုက်ကြပါဦး။